မိတ်ဆက်

ပထမဦးဆုံး Easy Shop ကိုလာရောက် အားပေးတဲ့အတွက်

အထူးပဲကျေးဇူးတင်ပါတယ်။

Easy Shop ကိုနားလည်ခြင်း

online shopping website လိုမျိုးကို web developer တွေငှားပြီးရေးခိုင်းမယ်ဆိုရင် ကုန်ကျငွေ များပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ငွေအသင့်သင့် ရှိရုံနဲ့ online shopping website လိုမျိုးရနိုင်အောင် easy shop ကိုပြုလုပ်ထားတာဖြစ်ပါတယ်။

Easy Shop မှာ ပစ္စည်းများ ၊ အော်ဒါများ၊ အရောင်းစာရင်းများ၊ ငွေပေးချေမှုများ၊ ဖောက်သည်များ ကိုစာရင်းပြုစုလို့ရတဲ့အပြင် အရှေ့ဘက် မျက်နှာစာ web store မှာပစ္စည်းများတင်ပြီး ရောင်းလို့ရပါတယ်။

Easy Shop မှာအဓိက ၂ ပိုင်းရှိပါတယ်။

  • ၁ - အရှေ့မျက်နှာစာ store

  • ၂ - အနောက်ဘက်ခြမ်း dashboard ပဲဖြစ်ပါတယ်။

၁ - အရှေ့မျက်နှာစာ store

အရှေ့မျက်နှာစာ store သည် အားလုံးအတွက် public ဖွင့်ထားတာကြောင့် မည်သူမဆိုလာရောက် လည်ပတ်ပြီး ပစ္စည်းတွေဝယ်ယူလို့ရပါတယ်။

အရှေ့မျက်နှာစာ

၂ - အနောက်ဘက်ခြမ်း dashboard ပဲဖြစ်ပါတယ်။

အနောက်ဘက်ခြမ်း dashboard သည် စာရင်းလုပ်ခြင်းအတွက် အဓိကဖြစ်ပါတယ်။ ပစ္စည်းများအသစ်များထည့်ခြင်း၊ ဖြုတ်ခြင်းများအပြင် ဖောက်သည်များ၊ အရောင်းစာရင်းများ၊ အော်ဒါများ၊ ငွေချေစနစ်များစသည်တို့ကို အဓိက manage လုပ်နိုင်တဲ့နေရာဖြစ်ပါတယ်။

အနောက်ခြမ်း dashboard